Politics, Law & Military
ပြည်သူလူထုဘဝ လုံခြုံမှုနဲ့ စိတ်လုံခြုံမှုတို့ အတွက် လွှတ်တော်အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အင်တိုက်အားတိုက် အစဉ်တစိုက် ထောက်ခံနေမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဆို
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
ပြည်သူလူထုဘဝ လုံခြုံမှုနဲ့ စိတ်လုံခြုံမှုတို့ အတွက် လွှတ်တော်အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အင်တိုက်အားတိုက် အစဉ်တစိုက် ထောက်ခံနေမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၁ ရာစု ပင်လုံ ညီလာခံတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဦးဝင်းမြင့်က “ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ၊ တရားဥပဒေ စိုးမိုးရေး များရစေပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးတို့နဲ့ ဆက်စပ် ပတ်သက်လျက် ရှိပါတယ်။ နှစ်ရှည် ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားများရဲ့ အသက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရခြင်းဟာ လူသားအရင်း အမြစ် ဆုံးရှုံးရခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော် ဘဏ္ဍာငွေမှ စစ်ရေး အသုံးစားရိတ် အများအပြား ကုန်ကျနေရခြင်းဟာ တိုင်းပြည် ထူထောင်ရေးအတွက် နှောင့်နှေးစေပါတယ်’’ ဟု ပြောသည်။
ငြိမ်းချမ်းရေး မရှိပါက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေမှာ ထိန်းညှိနိုင်ခြင်း မရှိပဲ ဟန်ချက် ပျက်ယွင်း စေကြောင်း၊ မိသားစု စိတ်ဓာတ်၊ ပင်လုံ စိတ်ဓာတ်ကို အခြေခံပြီး ဆွေးနွေးပါက ငြိမ်းချမ်းရေး ရရှိမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။ (Xinhua)