Connect with us

Politics, Law & Military

မြန်မာ-မလေးရှား နှစ်နိုင်ငံရေတပ်ချင်း သဘောတူညီချက်များ လက်မှတ်ရေးထိုး

တတိယအကြိမ်မြောက် မြန်မာ-မလေးရှားနှစ်နိုင်ငံ ရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲအားတွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် မြန်မာ-မလေးရှားနှစ်နိုင်ငံ ရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (3rd Myanmar-Malaysia Navy to Navy Talks) တွင် နှစ်နိုင်ငံရေတပ်ချင်း သဘောတူညီမှုများ လက်မှတ်ရေးထိုးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နှစ်နိုင်ငံရေတပ်များ၏ဖွဲ့စည်းပုံ၊ စွမ်းဆောင်ရည်များနှင့် နှစ်နိုင်ငံရေတပ်များမှ ရေကြောင်း လုံခြုံရေးအပေါ် အမြင်များအား ရှင်းလင်းဆွေးနွေးကြပြီး နှစ်နိုင်ငံရေတပ်မှ အဆင့်အတန်းစုံ အပြန်အလှန်လည်ပတ်မှု ဆိုင်ရာကိစ္စရပ်များ၊ စစ်ရေယာဉ်များ အပြန်အလှန်လည်ပတ်မှု ကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်ချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေယာဉ်တည်ဆောက်မှု ဆိုင်ရာအတွေ့အကြုံနှင့် အပြန်အလှန်သတင်းဖလှယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၅ ရက်နေ့ တွင် ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.