Connect with us

Politics, Law & Military

မြဝတီမြို့၌ လုံခြုံရေး စစ်ဆေးခြင်းများအား တင်းကျပ်စွာ ဆောင်ရွက်နေ

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့နယ်အတွင်း ဒုစရိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် မြို့ပေါ်ရပ်ကွက် များ ၊ လမ်းသွယ်များ၊ လမ်းမကြီးများနှင့် မသင်္ကာဖွယ်ရာနေရာများတွင် လုံခြုံ ရေးစစ်ဆေးခြင်းများကို စက်တင်ဘာ ၄ ရက်မှ စတင်ပြီး တင်းကျပ်စွာ ဆောင်ရွက် နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

လုံခြုံရေး ဆောင်ရွက်ရာတွင် ညဦးပိုင်းမှစတင်ကာ ည ၁၂ နာရီအထိလည်း ကောင်း ၊ ၁၂ နာရီမှ နံနက် ၃ နာရီ အထိ လည်းကောင်း ၊ နံနက် ၃ နာရီမှ မိုးလင်း ၆ နာရီအထိလည်းကောင်း အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက် ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် နေပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီ မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးများ၊ သောင်ရင်းမြစ် ကိုဖြတ်ကျော်သည့် စက်လှေဂိတ်များ အစရှိသည့် နေရာ များတွင် ရက်အကန့်အသတ်မရှိ နေ့စဉ် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)