Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ပေးပို့

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့ခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၁ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၉ တို့အရ နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက် ရယူရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၁၊ နည်းဥပဒေခွဲ (က)နှင့်အညီ ကြေညာမှာဖြစ်ကြောင်း၊ အမည် – ဦးလှအေး၊ အဘအမည် – ဦးမောင်စိန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် – ၁၂/ကမတ(နိုင်)၀၁၅၄၀၅ ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်၏ ကိုယ်ရေးမှတ်တမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၀ ပါ သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ယနေ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့ရန်နှင့် အဆိုပါပုဂ္ဂိုလ်သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသောသက်သေ အထောက်အထားများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ အညီ ပူးတွဲ တင်ပြရန်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.