Connect with us

Politics, Law & Military

အငှားယာဉ်များအတွက်မျှတသည့်ယှဉ်ပြိုင်မှုဖြစ်စေမည့်နည်းဥပဒေ များရေးဆွဲမည်

လွှတ်တော်တွင် မေးမြန်းဖြေကြားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် အငှားယာဉ်များအတွက် မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရန်အတွက် စည်းမျဉ်း၊စည်းကမ်းများနှင့် နည်းဥပဒေများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် YRTA (အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့) တို့မှပေါင်းစပ်ပြီး ရေးဆွဲဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဒီဇင်ဘာ လ ၄ ရက်နေ့ တွင် ကျင်းပသည့် ဒုတိယအကြိမ်၊ရန်ကုန်တိုင်းလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ်၊မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၏ Mobile App (မိုဘိုင်းအက်ပလီကေးရှင်း) သုံး အွန်လိုင်း အငှားယာဉ်ဝန် ဆောင်မှုလုပ်ငန်း များရှင်သန် ဖွံ့ဖြိုးလာပြီး မြန်မာ့အငှားယာဉ်လောက တစ်ခေတ် ဆန်းစေရေးအတွက် လိုအပ်သောစည်းမျဉ်း၊ စည်းကမ်းများ၊နည်း ဥပဒေများရှိစေရေး မည်သို့ မည်ပုံစီမံထားသည်ကိုသိလိုကြောင်းမေးခွန်းနှင့် ပတ်သက်ပြီး ဝန်ကြီးက အထက်ပါအတိုင်းပြန်လည်ဖြေကြား ဲ့ခြင်းဖြစ် သည်။

“အငှားယာဉ်လောကမှာ နည်းပညာအခြေပြု မိုဘိုင်း အက်ပလီကေးရှင်း တွေအသုံးပြုနိုင်ရင် ခရီးသည်တွေ အတွက် အဆင်ပြေမှုနဲ့ လုံခြုံမှုတွေပေးနိုင် တဲ့အတွက်ကြောင့်ဝန်ဆောင်မှုပိုမိုကောင်းမွန်လာပါတယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း တစ်ဦးချင်းမှန်မှန်ကန်ကန်ဆောင်ရွက်နေရပါတယ်။ အငှားယာဉ်တွေ အတွက်မျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်ဖို့အတွက်စည်းမျဉ်း၊စည်းကမ်းများ နဲ့ နည်းဥပဒေများ ရေးဆွဲဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်’’ ဟု ဒေါ်နီလာကျော်မှ ပြန်လည်ဖြေကြားခဲ့သည်။

အငှားယာဉ်များအနေဖြင့်ကီလိုမီတာအပါ်ဈေးနှုန်းသတ်မှတ်ချက်များမတူညီခြင်း၊ရပ်နားချိန်ကြာမြင့်ချိန်နှင့် ပတ်သက်ပြီးငွေကြေးသတ်မှတ်သည့် ပမာဏမတူညီခြင်း၊ငွေကြေးတွက်ချက်မှုမတူညီခြင်းများကြောင့် ဈေးနှုန်းလျော့ချမှုများသည့်နိုင်ငံခြားကုမ္ပဏီများသာအသာရရှိပြီးပြည်တွင်းကုမ္ပဏီများကျဆုံးသွားနိုင်သည့် အတွက်လိုအပ်သောစည်းမျဉ်း၊စည်း ကမ်းနှင့်နည်းဥပဒေများရှိသင့်ကြောင်းသင်္ဃန်းကျွန်းမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်ကယနေ့လွှတ်တော်တွင် မေးခွန်းမေးမြန်းသည့်အချိန်တွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.