Connect with us

Politics, Law & Military

အစိုးရသစ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ပေါ်ပေါက်ရေးအပါအဝင် ကဏ္ဍကြီး ၄ ခုအား ဖော်ဆောင် သွားမည်ဖြစ်ကြောင်း သမ္မတဦးထင်ကျော်မိန့်ခွန်းတွင်ထည့်သွင်းပြောကြား

သမ္မတဦးထင်ကျော် ပထမဆုံးမိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊မတ် ၃၀ ရက် (ဆင်ဟွာ)

ယခု အစိုးရသစ်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးရှေးရှုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သစ်တစ်ရပ်ပေါ်ပေါက်ရေး၊ ပြည်သူလူထု အများစု၏ လူနေမှုဘဝ အဆင့်အတန်းတိုးတက် မြင့်မားရေးကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်မှ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတဦးထင်ကျော်က “ဒါ့အပြင် နိုင်ငံတော် နှင့် သင့်တော်သည့် ဒီမိုကရေစီ စံချိန် စံညွှန်းများ နှင့် ကိုက်ညီမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ဖို့တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထုလိုလားတောင့်တနေတဲ့ ဒီနိုင်ငံရဲ့ ရည်မှန်းချက် အကောင်အထည်ဖော်လာရေး အတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမယ်လို့ သိနားလည်ထားပါတယ်။’’ ဟုမိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကြီးက ၎င်းကို နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်ခဲ့သည့်အတွက် အထင်ကရ သမိုင်းဝင်ဖြစ်၍ များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်သမ္မတဖြစ်လာသည် နှင့် အညီ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမည်ဟု လက်ခံထားကြောင်း၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်အရ ဖြစ်ပေါ်လာသည့် ဒုတိယအကြိမ် လွှတ်တော် နှင့် အစိုးရအဖွဲ့အား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မူဝါဒများ နှင့်ကိုက်ညီစွာဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဦးစွာပြောကြားခဲ့သည်။

ယခုပေါ်ပေါက်လာသည့် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်သူလူထု၏မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုံကြိုးပမ်းဆောင်ရွက်သွားမည်ဟု အလေးအနက်ပြောကြားလိုကြောင်း၊ သမ္မတဦးထင်ကျော်မှ နိဂုံးချုပ်ပြောကြားခဲ့သည်။ နိုင်ငံသူနိုင်ငံသားများအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ဘဝလမ်းကြောင်းကို ဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ကြပါစေကြောင်း ၎င်းကဆုတောင်းမေတ္တာပို့သခဲ့သည်။ သမ္မတဦးထင်ကျော်၏ ပထမဆုံးမိန့်ခွန်းသည် ၃မိနစ်ကြာပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.