Connect with us

Politics, Law & Military

အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား လွှတ်တော် အတည်ပြု

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် လူ့အခွင့် အရေးများကို ထိန်းချုပ် ကန့်သတ်စေသည့် အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က သဘောတူသဖြင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည့် အဆင့်သို့ရောက်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“လွှတ်တော် နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၉၂၊ (ဂ) နှင့် (ဃ) တို့အရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
အဆိုပါ “အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” ကို ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေးပြီး အမျိုးသား လွှတ်တော်သို့ပေးပို့ထားခဲ့ရာ ၂၀၁၆ စက်တင်ဘာ ၂၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် မရှိဖြင့် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ အပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.