Connect with us

Politics, Law & Military

အာရှ-ပစိဖိတ် တရားရေး ညီလာခံ ကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

တရားရေး ညီလာခံတွင် ‘မြန်မာ့ မင်္ဂလာ” တေးသီချင်း အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အာရှ တရားသူကြီးများ ကွန်ရက်တို့ ပူးပေါင်း၍ “ပတ်ဝန်းကျင် ထိန်းသိမ်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုအတွက် တရားစီရင် ဆုံးဖြတ်မှု ဆိုင်ရာ အာရှ – ပစိဖိတ် တရားရေး ညီလာခံ (Asia-Pacific Judicial Conference on Environmental and Climate Change Adjudiation) ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံပြီး နေပြည်တော် Hilton Hotel တွင် အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပခဲ့ မည်ဖြစ်သည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက “ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီ ဥတု ပြောင်းလဲမှု ပြသနာတွေဟာ နယ်ပယ်အကန့်အသတ်မဲ့၊ တစ်နည်းအားဖြင့် နိုင်ငံ ဖြတ်ကျော် ဖြစ်ပွားတဲ့ ကိစ္စရပ်မျိုး ဖြစ်ပြီး လူသား မျိုးနွယ်အားလုံး၊ သက်ရှိသက်မဲ့ အားလုံးနဲ့ ပတ်သက်နေပါ တယ်၊ ဒီအတွက် နိုင်ငံအသီးသီးမှာ ရှိတဲ့ တရားရုံးများအနေနဲ့ မိမိတို့ အခန်း ကဏ္ဍကနေပြီး ထိရောက်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်သွားဖို့ လိုပါတယ်”ဟု ၎င်း၏ အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ညီလာခံကို အောင်စည်တော် ယွန်း၍ ဖွင့်လှစ်စဉ်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ General Counsel Mr. Christoper Stephens အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှ Deputy Regional Director Ms. Isabelle Louis က အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

အဆိုပါ ညီလာခံကို သဘာ၀ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အမှုများ စစ်ဆေး စီရင်မှုနှင့် စပ်လျဉ်း၍ တိုးတက်ခိုင်မာလာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပြီး အာရှနှင့် ပစိဖိတ်ဒေသ တွင်း နိုင်ငံများ ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ တရားမျှမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အမှုများ စစ်ဆေး စီရင်ခြင်း၊ စီရင်ထုံးများ လိုက်နာမှု အားကောင်းလာစေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အုပ်ချုပ်မှုတို့နှင့် ပတ်သက်၍ အကောင်းဆုံး ကျင့်သုံးမှုများကို တရားသူကြီး များ နှင့် ဥပဒေပညာရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဆွေးနွေး ဖလှယ်နိုင်ရေး တို့အတွက် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ညီလာခံသို့ နိုင်ငံတော် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသ ကြီးနှင့််ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တရားသူကြီးများ၊ အာဆီယံ နိုင်ငံများ၊ တောင်အာရှနိုင်ငံများ၊ ပစိဖိတ်ဒေသတွင်း နိုင်ငံ များ၊ ဗြိတိန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးလ်၊ နယူးဇီလန်၊ ကိရိဘတ်စ် နိုင်ငံ များမှ တရားသူကြီးချုပ်များ၊ တရားသူကြီးများ၊ တရားရေး အရာရှိများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ADB, UN Environment မှ တာဝန်ရှိသူများ။ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး သဘာ၀ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ တရားစွဲဆိုမှုများနှင့် တွေ့ကြုံရသော စိန်ခေါ်မှုများ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပြဌာန်း ဥပဒေများ၊ ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊ ရာသီဥတု ပြောင်းလဲလာသည့် ခေတ်ကြီးတွင် တရားသူကြီးများ၏ အခန်းကဏ္ဍ စသည်တို့ကို ရှုထောင့် အသီးသီးမှ ပါဝင် ဆွေးနွေးကြမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.