Connect with us

Politics, Law & Military

၂၀၁၈- ၁၉ တွင် အခွန်ငွေ ကျပ်ဘီလျံ ခြောက်ထောင်ကျော် ရရှိရန် မျှော်မှန်း

ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနသည် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်တို့မှ ကျပ် ဘီလျံ ၆၀၅၆ ဒသမ ၅၃၂ (ကျပ်သန်း ၆၀၅၆၅၃၂ ဒသမ ၅၁၄) ကောက်ခံရ ရှိရန် မျှော်မှန်းထားကြောင်း ယနေ့ နေ့လယ် သတင်းစာရှင်းပွဲတွင် ၎င်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားခဲ့သည်။

ကောက်ခံမည့် လျာထား အခွန်အမျိုးအစား ငါးမျိုးတို့အနက် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၂၂ ဒသမ ၈၃၈ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၁၃၉၁ ဒသမ ၄၅၉ ဘီလျံ၊ ဝင်ငွေခွန် ကျပ်၂၃၂၄ ဒသမ ၈၁၆ ဘီလျံ၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန် ကျပ် ၇၄ ဒသမ ၆၃၆ ဘီလျံ၊ အောင်ဘာလေ သိန်းဆုခွန် ကျပ် ၁၄၂ ဒသမ ၇၈၁ ဘီလျံ တို့ ဖြစ်ကြောင်းနှင့် ပြည်ထောင်စု၏ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အခွန် အကောက် ဥပဒေအရ ပြည်ထောင်စု တစ်ခုလုံး ကောက်ခံရန် လျာထားသည့် အခွန်ငွေပေါင်း၏ ၈၀ ရာခိုင်နှုန်းရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ရှင်းလင်း ပြောကြားခဲ့သည်။ ပြည်ထောင်စုတစ်ခုလုံးအတွက် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အခွန်ငွေ ကောက်ခံရရှိရန် လျာထားမှု ပမာဏမှာ ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ရှိကြောင်း သိရသည်။

ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ပြည်တွင်း အခွန်များ ဦးစီးဌာန သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ သတင်းစာရှင်းပွဲတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့သော “၂၀၁၈ – ၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ” ၌ ပြင်ဆင် အတည်ပြုထားသော စီးကရက်၊ ဆေးလိပ်နှင့် အရက်၊ အထူးကုန်စည် သုံးမျိုးအား အခွန်နှုန်းထား ပြင်ဆင်ခြင်း၊ စကားရပ် များ ဖြည့်စွက် ပြင်ဆင် ပြောင်းလဲခြင်း၊ မူးယစ်ဆေးနှင့် တရားမဝင် ကုန်စည်များ ဖမ်းဆီးမှုအပေါ် ချီးမြှင့်သော ဆုကြေးငွေများအားလုံးကို အခွန် ကင်းလွတ်ခွင့် ပြုခြင်း၊ အခွန်အကောက်ဥပဒေ အကျိုး သက်ရောက်မည့် ကာလတို့ကို သတ်မှတ်ခြင်းများအား ရှင်းလင်း တင်ပြခဲ့သည်။ ၂၀၁၈-၁၉ ပြည်ထောင်စုဥပဒေသည် နိုင်ငံတော်အတွက် အခွန် တိုးမြင့်ရရှိစေရန်သာမက ပြည်သူလူထု ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ အတွက် ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ စက်တင်ဘာ ၃၀ ရက်အထိ အကျိုးသက်ရောက်မည် ဖြစ်ပြီး ကျန်အခွန်ထမ်း အားလုံးအတွက် ၂၀၁၉ ဧပြီ ၁ ရက်မှ ၂၀၁၉ စက်တင်ဘာ ၃၀ ရက်အထိ အကျိုးသက်ရောက်မည် ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းလင် းပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.