Connect with us

Politics, Law & Military

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်(၂၁၄) ဦးစာရင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထပ်မံထုတ်ပြန်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)/ရေးသားသူ အေးလပြည့်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ (၈၁)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသူ (၂၀)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁၄)ဦးအားရွေးကောက်ပွဲတင်မြှောက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၁ရက် နံနက် (၉)နာရီ နှင့် နေ့လည် (၁၂)နာရီ တို့တွင် အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကချင်ပြည်သူ့ပါတီမှ (၁)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၃)ဦး၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ မှ (၂)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၃၆)ဦး၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၂) ဦး၊ ရခိုင်အမျိုးသားပါတီမှ (၁)ဦး စုစုပေါင်း (၄၅)ဦး မှ အနိုင်ရခဲ့ကြောင်း ယနေ့နံနက် ၉ နာရီထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် နေ့လည် ၁၂ နာရီ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၆)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၃၀)ဦး၊ စုစုပေါင်း (၃၆)ဦး အားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ဆက်လက် ကြေညာခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၂)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၃)ဦး၊ မွန်ညီညွတ်ရေးပါတီမှ (၁)ဦး စုစုပေါင်း ၁၆ ဦး တို့အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ယနေ့နံနက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် နေ့လည် (၁၂) နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၄) ဦးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွးကောက်တင်မြှောက်ခံရကြောင်း UEC မှ ထပ်မံထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကချင်ပြည်သူ့ပါတီ ၂ဦး ၊ တစ်သီးပုဂ္ဂလ (၁)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၅)နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ (၈၄) နေရာ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ (၁)နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ မှ (၁)နေရာ ၊ မွန်ညီညွတ်ရေးပါတီမှ (၁)နေရာ၊ ရခိုင်အမျိုးသားပါတီ မှ (၅)ဦး စုစုပေါင်း ကိုယ်စားလှယ်အယောက်(၁၀၀) အနိုင်ရခဲ့ကြောင်း ယနေ့ နံနက် ၉ နာရီ တွင်ကြေညာခဲ့သည်။ နေ့လည် ၁၂နာရီထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၈)ဦး၊ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ (၅)ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမ (၁)ဦးတို့ စုစုပေါင်း ၁၄ ဦး အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း ၁,၁၁၇ နယ် ရှိသည့်အနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.