Connect with us

Politics, Law & Military

တနင်္သာရီတိုင်းဒေသကြီး၌ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ မကုန်မီ ကျင်းပ ပြုလုပ်နိုင်ရန် ဆွေးနွေး

ငြိမ်းချမ်းရေး ကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ- Peace Commission)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၌ လာမည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ မကုန်မီတွင် ကျင်းပပြုလုပ်နိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့ဝင်များ ယနေ့ဒီဇင်ဘာ ၂၃ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးထားသော ဒေသများမှ အဆင်သင့်ဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၌ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်ကိစ္စအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ရန်ကုန်မြို့ရှိ NRPC ရုံး၌ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အကြံပေးများ၊ နည်းပညာ အထောက်အကူပြုများ၊ ရုံးအဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တနင်္သာရီ တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီတွင် ပါဝင်မည့် နိုင်ငံရေးပါတီများနှင့် KNU ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိရာ နေရာ ဒေသများ၌ ကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ်ထားသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား အဆင်သင့်ဖြစ်သောနေရာများ၌ စတင်ကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရ အဖွဲ့ရုံး၌ ဒီဇင်ဘာ ၂၁ ရက်တွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့ဝင်များတို့သည် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.