Connect with us

Politics, Law & Military

၂၁ ရာစုပင်လုံညီလာခံတတိယအစည်းအဝေးကျင်းနိုင်ရေးညှိနှိုင်း

အစိုးရ၊ လွှတ်တော်၊တပ်မတော် အစုအဖွဲ့ ဆွေးနွေးပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇွန်လ ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို ဇူလိုင်လ ဒုတိယပတ် တွင် ကျင်းပမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေး က ပြောကြားခဲ့သည်။

“တတိယ ပင်လုံ အစည်းအဝေးကိုတော့ ဇူလိုင်လ ဒုတိယပတ် မှန်းထားပါတယ်။ အကြမ်းဖျင်းကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ဘာတို့ကို အစိုးရဘက်က တင်ပြထားပြီးပြီ၊ နောက် တပ်မတော် ဘက်က တပ်မတော် အကြီးအကဲတွေ တက်ရောက်နိုင်မှု အနေအထား — အဲဒါတွေ ကျွန်တော်တို့ မေးမြန်းထားတယ်၊ အဲဒီအနေအထားတွေ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး ပြေလည်တဲ့ ရက်ပေါ့ – အဲဒီ ကာလ အတွင်းမှာ ဇူလိုင်လ ဒုတိယပတ်မှာတော့ ၂၁ ပင်လုံ တတိယ အကြိမ် အစည်းအဝေး ဖြစ်မယ်လို့ ကျွန်တော်တို့ မှန်းထားတယ်”

၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မ တော် အစုအဖွဲ့တို့၏ ကဏ္ဍအလိုက် ဆွေးနွေးပွဲအား ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်တာ ကျင်းပအပြီးတွင် ၎င်းက မီဒီယာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရ၊ လွှတ်တော်၊တပ်မတော် အစုအဖွဲ့ဆွေးနွေးပွဲ အပြီးတွင် ဦးဇော်ဌေး ဖြေကြားစဉ် (ဆင်ဟွာ)

အစိုးရ၊ လွှတ်တော်၊တပ်မတော် အစုအဖွဲ့ဆွေးနွေးပွဲ အပြီး ဦးလှမောင်ရွှေ ဖြေကြားစဉ် (ဆင်ဟွာ)

တတိယ ပင်လုံအစည်းအဝေး ကျင်းပနိုင်ရေးအတွက် သုံးရက်ကျင်းပသည့် အကြိုအစည်းအဝေးနှင့် ပတ်သက်ပြီး “အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်သား အစုအဖွဲ့တို့ ၁၉- ၂၀ – ၂၁ – သုံးရက် ဆွေးနွေးကြပြီး အစိုးရ အစုအဖွဲ့မှာ ပြန်ပြီးတော့ Common decision ယူပြီးတော့ နိုင် စီး လူ လုံ မြေ ဆိုတဲ့ ကဏ္ဍ ငါးခု -နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် တွေမှာ အဓိကကတော့ လေးခုကိုပဲ ဆွေးနွေးပြီး လုံခြုံရေးကဏ္ဍကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးတဲ့ မူကို မပြတ်သေးဘူး။ အကြမ်းဖျင်းအားဖြင့်တော့ ကိုယ့်ဘက်မှာ ဘယ်လို ဟာမျိုး တွေ ဆွေးနွေးနိုင်မလဲဆိုတာ အဆိုပြုချက်သဘောဖြင့်တော့ ကျွန်တော်တို့ ဆွေးနွေးကြ တယ်။ ကျန်တာတော့ နိုင်ငံရေးပိုင်း။ နိုင်ငံရေးပိုင်းမှာလည်း ကျွန်တော်တို့ လာမယ့် အစည်း အဝေးမှာ အဓိက အချက်ဖြစ်တဲ့ Package ပေါ့- ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရေး Package ကို လာမယ့် တတိယအကြိမ် ပင်လုံအစည်းအဝေးမှာ ဆွေးနွေးခြင်း မပြုဘူး။ တတိယ အစည်းအဝေး ပြီးတာနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ အကျေအလည် ဆွေးနွေးဖို့ကို အလွတ်သဘော မှာ သဘောတူထားတယ်။ နိုင်ငံရေး ကဏ္ဍမှာတော့ လူနည်းစု အခွင့်အရေး အပါအဝင် အချက် နှစ်ချက်ကို အဓိထား ဆွေးနွေးမယ်။ စီးပွားရေးမှာလည်း ဖက်ဒရယ်နဲ့ ပတ်သက် တဲ့ သယံဇာတ ခွဲဝေမှုတို့ဘာတို့ အဲဒါတွေ ဆွေးနွေးဖို့ အစိုးရဘက်က ပြင်ဆင်ထားတယ်၊ နောက် လူမှုရေးမှာဆိုလည်း အဓိကက ပြန်လည် ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်လို့ အခြေခံမူတွေ ချမှတ်ရေးကို ပြင်ဆင်ထားတယ်၊ နောက် မြေယာပိုင်ဆိုင်မှု မြေယာ ခွဲဝေမှုတွေ၊ သယံဇာတနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ ဆွေးနွေးထား ပါတယ်။ လာမယ့် ၂၅ ရက်နေ့ကျရင် UPDJC အတွင်းရေးမှူးအဖွဲ့အစည်းအဝေး ဒီမှာ လုပ်ပါမယ်။ နောက် ၂၆ – ၂၇ – ၂၈ – သုံးရက်မှာတော့ MICC II မှာ လုပ်ငန်းကော်မတီ အစည်းအဝေး လုပ်ပါမယ်။” ဟု ဦးဇော်ဌေးက မီဒီယာကို ရှင်းပြခဲ့ သည်။

အဆိုပါ လုပ်ငန်းကော်မတီ အစည်းအဝေးများကို အကျေအလည် အချိန်ပေးပြီး ဆွေးနွေးမည်ဟု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအပြီးမှာ ပြန်ပြီး သဘောတူထားသည့်အတိုင်း နှစ်ကြိမ် ဆွေးနွေးမည် ဖြစ်ကြောင်း၊ ဇွန်လ ၂၆ – ၂၇ – ၂၈ ရက်တို့တွင် လုပ်ငန်းကော်မတီ အစည်းအဝေး တစ်ခါထိုင်ပြီး ဇူလိုင်လဆန်းမှာ တစ်ခါထိုင်မည်ဖြစ်ကြောင်းနှင့် တတိယ ပင်လုံ အစည်းအဝေးကို ဇူလိုင်လ ဒုတိယအပတ်တွင် ကျင်းပရန် မျှော်မှန်းထားကြောင်း ၎င်းက ၇ှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.