ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ယာဉ်၃စီးပေါ်မှ ကျပ်သိန်း ၃ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ် များက မိမိတို့၏ ပြင်ဆင် အဆိုပြုချက်များကို တင်ပြဆွေးနွေးခြင်းများအား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးတို့က ပြင်ဆင်...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တည်ဆောက်ရေး လုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးရန် တာဝန်ပေးထားသည့် တတိယအဖွဲ့(third party) များ တာဝန်ပျက်ကွက်ပါက အမည်ပျက်စာရင်း (black list)သွင်းမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) မိမိပိုင် လယ်မြေတွင် ဖြစ်စေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းတွင်ဖြစ်စေ လယ်ယာမြေကို အခြား နည်းဖြင့် အသုံးချခွင့် ရရှိပြီးပါက စားကျက်မြေများ ပြန်လည်ဖော်ထုတ်ခြင်း၊ စားကျက်မြေအပေါ် တွက်ခြေကိုက်သော နေဗီယာမြက် စိုက်ပျိုးခြင်းတို့ကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယ...
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ဆောက်လုပ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက် လမ်းများ ဆက်သွယ်ရေးစီမံကိန်း ဆောင်ရွက်ရန် အာရှဖွံ ့ဖြိုးရေးဘဏ်(ADB)ထံမှ အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၂၀ သန်း ချေးငွေ ရယူရေးကို ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးက...
နေပြည်တော်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) မိတ္ထီလာ အမတ် ဒေါက်တာမောင်သင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတို့ တင်ပြ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီက သြဂုတ် ၁၅ ရက်နေ့တွင်...
ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်း စတင် ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ယခုအထိ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လျှောက်ထားသူ စုစုပေါင်း ၆၁၄ ဦး ရှိသည့်...
ဘေရွတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ဟစ်ဇ်ဘိုလာခေါင်းဆောင် Sayyed Hassan Nasrallah က ၎င်း၏တပ်ဖွဲ့အနေဖြင့် အစ္စရေးမြောက်ပိုင်း၌ အစ္စရေးစစ်ကားတစ်စီးအား စက်တင်ဘာ ၁ ရက်တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် “ တိုက်ခိုက်မှုအစီအစဉ်သစ် စတင်တော့မည်” ဖြစ်ကြောင်း Al Manar ပြည်တွင်းရုပ်သံချန်နယ်က သတင်းဖော်ပြခဲ့သည်။