ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဒေါက်တာစိုးဝင်းကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စက်တင်ဘာ ၁၉ ရက်က ကျပ် သိန်း ၂၅၀၀ နီးပါး တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၀ရက် (ဆင်ဟွာ) ၂၀၁၉ ဇူလိုင် ၁၅ ၇က်မှ ယနေ့အထိ ကျင်းပခဲ့သော ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလ ရက်ပေါင်း ၆၈ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို ၂၆ ရက် ကျင်းပနိုင်ခဲ့ရာ...
နေပြည်တော်၊ စက်တင်ဘာ ၂၀ရက် (ဆင်ဟွာ) အာဆီယံ ဒေသတွင်း မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ် (APMRA:_ ASEAN Mutual Recognition Arrangement on type Approval for Automotive Products) ၌ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ယနေ့...
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်စသည့်ပွဲတော်ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၂၀ရက် (ဆင်ဟွာ) ကမ္ဘာ့ဘဏ်၏ သက်တမ်းလွန်ပြီး ပယ်ဖျက်လိုက်ရသည့် ဖွံ့ဖြိုးမှု မူဝါဒ ချေးငွေ ဒေါ်လာ သန်းနှစ်ရာ အစား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရပြည့်ဝရေး စသည့် အခြား မူဝါဒ ချေးငွေများကို ထုတ်ချေးရန် ဆက်လက်...
နေပြည်တော်၊ စက်တင်ဘာ ၂၀ရက် (ဆင်ဟွာ) တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်သန်းချစ် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ ထပ်မံ တင်သွင်းခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ IDP စခန်းများမှ ဟိန္ဒူဘာသာဝင် (၄၄၄) ဦး ပြန်လာရန် ရှိသော်လည်း ခက်ခဲကြန့်ကြာနေများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဌာနေကိုယ်စားလှယ် Mr....
ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ (First Time Youth Voter) ငါးသန်းခန့်ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။