Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၌ ကွန်တိန်နာယာဉ်ပေါ်မှ ဘိန်းဖြူ ၁၀ ဒသမ ၇၅ ကီလိုဂရမ် သိမ်းဆည်းရမိ

ဘိန်းဖြူ ၁၀.၇၅ ကီလိုဂရမ် နှင့် ဖမ်းဆီးရမိမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် လယ်ကြီးတံတား စစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာ ၄ ရက်တွင် ကွန်တိန်နာ ယာဉ် တစ်စီးအား စစ်ဆေး ခဲ့ရာ ယာဉ်ကြမ်းခင်းအောက် အံဝှက် အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၀၇၅ ခွက် ၊ ၁၀ ဒသမ ၇၅ ကီလိုဂရမ် သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

လယ်ကြီးတံတား စစ်ဆေးရေးဂိတ်၌ ကျောက်မဲမှ မိုးကုတ်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ကြမ်းခင်းအောက် အံဝှက် အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၀၇၅ ခွက် ၁၀ ဒသမ ၇၅ ကီလို နှင့် အတူ  မှတ်ပုံတင် ၁ ခု၊ ယာဉ်လိုင်စင် ၁ ခုနှင့် ယာဉ်သက်သေခံ လက်မှတ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြ ထားသည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင်လာသူနှင့် လိုက်ပါလာသူတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေတတ် သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.