Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ကျေးသီးနှင့် ငဖဲမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၅ ဒသမ ၁၅ ဧက ဖျက်ဆီး

ဘိန်းစိုက်ခင်းတစ်ချို့ အားဖျက်ဆီးနေစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ကျေးသီးနှင့် ငဖဲမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၅ ဒသမ ၁၅ ဧက ဖျက်ဆီးခဲ့ကြာင်း သိရသည်။

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၄ ရက်တွင် ထမ်းအယ်ကျေးရွာ၏ အရှေ့ မြောက်ဘက် တစ်မိုင်ခန့်အကွာ၌ အမြင့် တစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၉ ဒသမ ၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ပင်လောင်းမြို့နယ် ထီနဲ ကျေးရွာ၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ၌ အမြင့် နှစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၂၅ ဧကခန့်၊ ဆီဆိုင်မြို့နယ် နားစေး စောက်ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့် အကွာ၌ အမြင့်နှစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၂ ဧကခန့်၊ ကျေးသီးမြို့နယ် ပါတက်ကျေးရွာ၏ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ အမြင့်လေးလက်မ ခန့်ရှိ ဘိန်းခင်း နှစ်ဧကခန့်၊ ငဖဲမြို့နယ် နောင်ကျေးရွာ၏ အနောက်ဘက် လေးမိုင်ခန့် အကွာ၌ အမြင့်ခြောက်လက်မခန့်ရှိ ဘိန်းခင်း စုစုပေါင်း ခြောက်ဧကခန့်နှင့် ရေဖြူကျေးရွာ၏ အရှေ့ဘက် ငါးမိုင်ခန့်အကွာ၌ အမြင့်ငါးလက်မ ခန့်ရှိ ဘိန်းခင်းစုစုပေါင်း သုည ဒသမ ၆၅ ဧက ခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်းကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua)