Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သိန်းပေါင်း ၁၄, ၄၃ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၄, ၄၃ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့ သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက် ၁၇:၃၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာမြောက်ဘက်ရှိ လူနေထိုင်ခြင်းမရှိသောနေအိမ်အား ဝင်ရောက်ရှာဖွေ ရာ နေအိမ်အတွင်းရှိ ဆာလာအိတ် ၄ အိတ်အတွင်းမှ အဝါရောင်တိတ်များဖြင့်ပတ်ထားသည့် ပလတ်စတစ်အကြည် ဖြင့်ထုပ်လျှက် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၇၂၁,၅ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၄,၄၃ဝ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ငါးခူရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)