Connect with us

Politics, Law & Military

အမျိုးသား စာကြည့်တိုက် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကြွရောက်လာစဉ်။

နေပြည်တော်၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တင်သွင်းခဲ့သည့် အခန်း ခုနစ်ခန်း၊ ပုဒ်မ ၂၀ ပါရှိသော အမျိုးသား စာကြည့်တိုက် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးက ပြင်ဆင်ချက် များ ဖြင့် အတည်ပြုခဲ့သည်။

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေး သတ္တမနေ့ (၂၅ – ၁၁ – ၂၀၁၉ရက်နေ့) တွင် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီက လေ့လာ တွေ့ရှိချက် အစီရင် ခံစာ ဖတ်ကြားရှင်းလင်းခဲ့သော သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တင်သွင်းသော ‘အမျိုး သား စာကြည့်တိုက် ဥပဒေ ကြမ်း’ အပေါ် နတ်မောက် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးအောင်တင်လင်းက ပြင်ဆင်ချက် အဆိုများ ၂၇ – ၁၁ – ၂၀၁၉ တွင် တင်သွင်းခဲ့ပြီး ထိုပြင် ဆင်ချက် များကို ဥပဒေကြမ်းကော်မတီနှင့် သက်ဆိုင်ရာ ဌာနမှ ပုဂ္ဂိုလ်များက ၃ – ၁၂ -၂၀၁၉ မှာ ပြန်လည် စိစစ်ခဲ့ကြကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ အစည်းအဝေးတွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။

အဆိုပါ စိစစ် သဘောတူညီချက်အရ ရရှိလာသော ပြင်ဆင်ချက် ၃၂ ချက်တို့ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးသို့ တင်ပြခဲ့ပြီး သာသနာ ရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မြင့်က အဆိုပါ ပြင်ဆင်ချက်များကို သဘောတူ ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကလည်း ထို ပြင်ဆင်ချက်များအတိုင်း သဘောတူခြင်း ကြောင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)