ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ခုကို နိုင်ငံတကာအဆင့်မီမြှင့်တင်ပြီး one stop service ရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြိုးမင်းသိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ နံနက်(၈)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် နှင့်မြောက်ဥက္ကလာပ မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ စက်ရုံဖွဲ့စည်းပုံ(Layout)ကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်း/အပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှုအလေ့အကျင့်တို့ မရှိခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်ထားခြင်းမရှိခြင်းတို့ ကြောင့် စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ကြောင်း အစားအသောက် နှင့်...
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ၂၃,၆၅၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ်သိန်းပေါင်း ၅,၆၅၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၃၇,၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၄ ရက်(ဆင်ဟွာ) ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ကုန်သွယ်မှုလိုငွေမှာ ယမန်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၁၃၁၅ ဒသမ ၃ သန်းလျော့ကျခဲ့သည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စု လွှတ် တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏...
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သိန္နီ-ကွတ်ခိုင်သွားကားလမ်း မိုင်တိုင်(၂၀၈/၅-၆)ကြား ကျောက်တောင်ကွေ့၌ ဇွန် ၂ရက်က မော်တော်ယာဉ်ချောက်အတွင်း ပြုတ်ကျတိမ်းမှောက်၍ လူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) မကွေးတိုင်းဒေသကြီး အတွင်း ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင်ခြင်းများကို တိုးမြှင့်စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှ သိရသည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဇွန် ၂ ရက်၌ ငွေကျပ် ၁၇၈၈ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။