Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၌ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦးကျဆုံး၊ ၃ဦး ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်အတွင်း ရန်ကုန်-စစ်တွေကားလမ်းပိုင်းတစ်ခုအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း မိုင်းခွဲဖျက်ဆီးမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ရဲတပ်ဖွဲ့ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကာ ၃ ဦးဒဏ်ရာရရှိပြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ၃ စီး ပျက်စီးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ် မြောက်ဉီးမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်ပြီး စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာလာသည့် အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ရဲမှူးဦးစီးစစ်ကြောင်း (၁ )နှင့် တပ်ခွဲ( ၁ )ခွဲသည် သြဂုတ် ၂၀ရက် နံနက် ၉ နာရီခန့်တွင် တပ်ဖွဲ့ပိုင် မော်တော်ယာဉ် များဖြင့် ချီတက်လာစဉ် ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး ပုဏ္ဏားကျွန်းမြို့မှ ၁၆ မိုင်ခန့် အကွာ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့အကြား ပက်ခွက်ဆိပ်ကျေးရွာအနီးနှင့် ပြိုင်းတော ကျေးရွာအနီးတို့တွင် AA လက်နက်ကိုင်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၁ ဦး၊ ရဲတပ်သား ၁ ဦး၊စုစုပေါင်း ၂ ဦးကျဆုံးကာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ပိုင် မော်တော်ယာဉ် သုံးစီးပျက်စီးခဲ့ကြောင်း၊ ယင်းနေရာသို့ တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်း ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)