Connect with us

Politics, Law & Military

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် တွင် လိုငွေ ကျပ် ဘီလီယံ ခုနစ်ထောင်ကျော် ရှိမည်

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်အား အစည်းအဝေးခန်း၌ တွေ့ ရစဉ်။

နေပြည်တော်၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ခန့်မှန်းခြေစာရင်းအရ လိုငွေ ကျပ် ဘီလီယံ ခုနစ်ထောင်ကျော် ရှိမည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဇလွန်မဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင် မင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

“ရငွေပေါင်းက ကျပ် ၂၅၃၁၂ ဘီလီယံ ရှိပြီး သုံးငွေပေါင်းက ၃၂,၃၃၉ ဘီလီယံ ဖြစ်တဲ့အတွက် ကျပ် ၇၀၂၇ ဘီလီယံ လိုငွေ ရှိပါတယ်၊ လိုငွေနဲ့ ဂျီဒီပီ အချိုးက ၅ ဒသမ၉ ရာခိုင်နှုန်း ရှိပါတယ်” ဟု ၎င်းက တင်ပြခဲ့သည်။

ရငွေများတွင် သာမန်ရငွေ ကျပ် ၂၁,၇၂၆ ဘီလီယံ၊ ငွေလုံးငွေရင်း ရငွေ ၄၈၆ ဘီလီယံနှင့် ကြွေးမြီ ရငွေ ၃၁၀၀ ဘီလီယံ ရှိပြီး သုံးငွေတွင် သာမန် သုံးငွေ ၂၃၀၉၄ ဘီလီယံ၊ ငွေလုံးငွေရင်း ကျပ် ၇,၈၂၅ ဘီလီယံ၊ ကြွေးမြီကျပ် ၁,၄၂၀ ဘီလီယံတို့ ဖြစ်ကြောင်းလည်း ၎င်းက တင်ပြခဲ့သည်။

ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးအောင်မင်း ရှင်းလင်း တင်ပြစဉ်။

ပြည်ထောင်စု၏ အခွန်အကောက်ရငွေများမှာ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှု အပေါ် ကောက်ခံသည့် အခွန် အကောက်မှ ကျပ် ၄,၀၇၁ ဒသမ ၁၈၃ ဘီလီယံ၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှု အပေါ်မှ ကျပ် ၂,၃၈၉ ဒသမ ၆၄၅ ဘီလီယံ၊ အကောက်ခွန်မှ ၅၂၀ ဘီလီယံ၊ နိုင်ငံပိုင် သယံဇာတများ ထုတ်လုပ် သုံးစွဲမှုမှ ကျပ် ၈၈၅ ဒသမ ၅၇၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၇,၈၆၉ ဒသမ ၃၉၈ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထား ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် တွင် ၅၄ ဒသမ ၁ သန်းမှ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် တွင် ၅၄ ဒသမ ၆ သန်း ရှိလာပြီး စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးနှင့် ဝန်ဆောင်မှု တန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းအရ ကျပ် ၁၁၉၀၂၃ ဒသမ ၄၀၅ ဘီလီယံ ရရှိရန်နှင့် စီးပွားရေး တိုးတက်မှု နှုန်းကို ပုံမှန်ဈေးနှုန်းအရ ခုနစ် ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အကုန်တွင် ၇ ဒသမ ၆၆ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် ၆ ဒသမ ၇၁ ရာခိုင်နှုန်း ဖြစ်ပေါ်မည်ဟု ခန့်မှန်း ထားကြောင်း၊ ပြည်ပကုန်သွယ်ရေး အခြေအနေ အတွက် ၂၀၁၉ – ၂၀ တွင် ပို့ကုန်၌ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ(၁၅,၅၀၀ သန်း) တင်ပို့ရန်နှင့် သွင်းကုန် ၌ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံ(၁၇၅၀၀ သန်း) တင်သွင်းရန် ရည်မှန်းထားသောကြောင့် စုစုပေါင်း ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ( ၃၃၀၀၀ သန်း)နှင့် ကုန်သွယ်မှု လိုငွေမှာ နှစ်ဘီလီယံ (ဒေါ်လာ သန်း နှစ်ထောင်) ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်းလည်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.