Connect with us

Politics, Law & Military

တမံများတွင် အကူ ရေပိုလွှဲနှင့် monitoring system များ တပ်ဆင်မည်

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ရေစီးဝင်မှု ပမာဏ များပြားသည့် ရေလှောင်တမံများ၌ အကူရေပိုလွှဲများ ထပ်မံထည့်သွင်း တည် ဆောက်ခြင်းနှင့် ရေလှောင်တမံ ကြံ့ခိုင်မှု၊ ဘေးကင်းလုံခြုံမှုများအတွက် စောင့်ကြည့် စစ်ဆေး တိုင်းတာနိုင်သည့် monitoring system များ တပ်ဆင်သွားရန် စီစဉ်လျက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မန ္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၏ အမေးကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်ပြီး “တမံတွေမှာ သဘာဝဘေးကြောင့် ကျိုးပေါက်ပျက်စီးမှု မဖြစ်ပေါ်စေဖို့ ဌာနက သတ်မှတ်ပြဌာန်းထားတဲ့ လုပ်ထုံး လုပ်နည်းတွေအတိုင်း တိကျစွာာ လိုက်နာဆောင်ရွက်ဖို့၊ အရေးပေါ် အခြေအနေ ဖြစ်လာပါကတမံအောက်ရှိ ပြည်သူများ အသက်အိုးအိမ် စည်းစိမ် ထိခိုက် ပျက်စီးမှု လျော့ပါး သက်သာစေဖို့ ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းပြီး ကြိုတင် စီမံ ဆောင်ရွက်နိုင်ရေးအတွက် ရေလှောင်တမံ တစ်ခုချင်းအလိုက် အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်(EPP:_ Emergency Preparedness Plan) တွေ စနစ်တကျ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်ဖြေကြားနေစဉ်။(ဆင်ဟွာ)

မန ္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး မေးမြန်းနေစဉ်။(ဆင်ဟွာ)

ဦးထွန်းထွန်းဦး မီဒီယာအား ဖြေကြားနေစဉ်။(ဆင်ဟွာ)

အရေးပေါ် အခြေအနေတစ်ရပ်တွင် တမံအောက်ဘက်ရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြည်သူများသို့ ဆက်သွယ် အကြောင်းကြားနိုင်မည့် အစီအမံများ၊ အရေးပေါ် အခြေအနေ ကြိုတင် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆက်စပ်ဌာန များသို့ ကြိုတင် အသိပေး ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ အလွယ်တကူ သိရှိနိုင်စေရန် နိုင်ငံပိုင် သတင်းစာများနှင့် လူမှုကွန်ယက် စာမျက်နှာများမှ အသိပေးတင်ပြပေးလျက်ရှိကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက တည် ဆောက် ထားသည့် ရေလှောင်တမံများတွင်လည်း မိုးရာသီ ရေဘေးကြိုတင်ကာကွယ်ရေး စီမံချက်များ ရေးဆွဲကာ နေ့ – ည တာဝန်ကျ ဝန်ထမ်း အဖွဲ့များ ဖွဲ့စည်းပြီး အနီးကပ် စောင့်ကြည့် စစ်ဆေးခြင်း၊ တမံ စောင့်ကြည့် စစ်ဆေးသည့် ကိရိယာများ တပ်ဆင်၍ စစ်ဆေးခြင်း၊ နေ့စဉ် မိုးရေချိန်နှင့် ရေမှတ်များ စောင့်ကြည့် မှတ်တမ်းတင်၍ အထက် အဆင့်ဆင့်သို့ တင်ပြ အစီရင်ခဲခြင်း၊ တမံအတွင်းမှ သိုလှောင်ရေကို ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့်အတူ လိုအပ်သလို ထိန်းညှိ ထုတ်လွှတ်ခြင်း စသည့် ထိန်းသိမ်း လည်ပတ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးပေါ် ရေဘေး ကာကွယ်ရေး ပစ္စည်းများ ကြိုတင် စုဆောင်းခြင်း၊ ယာဉ်နှင့် လုပ်သား အရန် အင်အားများ စုဖွဲ့ထားခြင်းတို့ကိုလည်း စီမံ ဆောင်ရွက်ထားရှိကြောင်း ဒုတိယ ဝန်ကြီးက ဖြေကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆည်၊ ရေလှောင်တမံပေါင်း ၂၄၂ ခုရှိကြပြီး ဂရုတစိုက် စောင့်ကြပ် ထိန်းသိမ်းရမည့် အရေးကြီးသော ဆည်များမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် ၃၅ ခုရှိပြီး ရေအား လျှပ်စစ်အောက်တွင် ခုနစ်ခု စုစုပေါင်း ၄၂ ခု ရှိကြောင်း၊ ယခုကဲ့သို့ မိုးတွင်းကာလ၌ ဆည်များတွင် ဆုံးဖြတ်ချက် ပေးနိုင်သည့် အရာရှိအဆင့်များကို နေ့ည မပြတ် ထားရှိပေးဖို့လိုအပ် ကြောင်း မန ္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်း ထွန်းဦးက မီဒီယာအား ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.