ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) လားရှိုးမြို့နယ်တွင် နိုဝင်ဘာ ၁၄ရက်၌ ငွေကျပ် ၂၂၈၀ သိန်းတန်ဖိုးရှိ ထိန်းချုပ် ဓါတုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်။ နိုဝင်ဘာ ၁၅ ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်အတွင်း နိုဝင်ဘာ ၁၄ ရက်၌ ကျပ် ၁၈၆သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ အဝေရာသာယာကုန်းကွင်း၌ နိုဝင်ဘာလ ၁၄ ရက် ညပိုင်း၌ မီးပုံးပျံလွှတ်တင်စဉ် ပျက်ကျ၍ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) မဟာမဲခေါင် ဒေသခွဲ အရှေ့ အနောက် စီးပွားရေးစြင်္ကံလမ်းတစ်လျှောက်ရှိ မြို့များ ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ခု ဖြစ်သော NEDA( Neighboring Countries Economic Development Cooperation Agency) ထံမှ...
ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် မြန်မာ့ရေကြောင်း ညီလာခံဖွင့်ပွဲကို ယနေ့နံနက်တွင် ရန်ကုန်မြို ့Rose Garden ဟိုတယ်၌ Myanmar Nautical Association က ကြီးမှူး၍ စတင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် တွင် ငွေကျပ် ၆၃,ဝဝဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈ဝဝ,ဝဝဝ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းသတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ပွိုင့် ၃၀၃ ကျည် ၉၅ တောင့်(မကောင်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သိန်း ၉၄၈သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) ကြိုးနီစနစ် လျှော့ချရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် သင်တန်းများပို့ချရုံသာမက သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နည်းလမ်းရှာရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ မေတ္တာရပ်ခံ ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီအား အနုကြမ်းစီးမှု ပြုလုပ်သူများထဲမှ ၅ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။