Connect with us

Politics, Law & Military

ရင်းနှီးမြှုပ်နှံမှု ဥပဒေ ရှိနေသရွေ့ MIC တည်တံ့နေမည်ဟု ဆို

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဇ၀န မေးမြန်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဖျက်သိမ်းမှု မပြုသရွေ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တည်တံ့နေမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“၂၀၁၂ ခုနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဌာန်းခဲ့ပါတယ်၊ ပိုမိုပြည့်စုံပြီး နိုင်ငံတကာ ပြဌာန်းချက်များနဲ့ ကိုက်ညီစေရန်အတွက် ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်းခဲ့ပါတယ်၊ အဲဒီ ဥပဒေများအရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ကို အစိုးရ၊ စီးပွားရေး အသင်းအဖွဲ့များနဲ့ ပုဂ္ဂလိက ကဏ္ဍတို့မှ ကျွမ်းကျင် ပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ပါတယ်၊ ဒါကြောင့် MIC ဟာ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေများအရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဖျက်သိမ်းမှု မပြုသရွေ့တည်တံ့နေမှာ ဖြစ်ပါတယ်”ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဇဝန၏ အမေးကို ပြန်လည် ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် ဖြေကြားနေစဉ် (ဆင်ဟွာ)

ဗိုလ်မှူး ဇဝန၏ မေးခွန်း သုံးခုတွင် ‘ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနအား တရားဝင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သဖြင့် MIC အဖွဲ့ကို မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်သွားမည်နည်း’ ဟူသော တတိယ မေးခွန်းအား ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ ခြင်း ဖြစ်သည်။ ၎င်းက “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနက နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စတွေကို တိုးမြှင့်် ဆောင်ရွက်ဖို့ ဖွဲ့စည်းတာဖြစ်ပါတယ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီး ဌာန ရဲ့ ဦးစီးဌာနတစ်ခုဖြစ်ပြီး ၎င်းဦးစီးဌာနကပဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဓ်မ ၂ (ဆ)အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ကော်မရှင်ရုံး အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရှင်းလင်း ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.