Connect with us

Politics, Law & Military

ဖားကန့်မြို့နယ်၌ မြေစာပုံ ပြိုကျကာ လူ ၁ ဦး သေဆုံး

မြေစာပုံဟောင်းများ၌ ရေမဆေးကျောက်ရှာဖွေသူများအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ လုပ်ကွက် တစ်ခု အတွင်း ဖေဖော်ဝါရီ ၈ ရက်တွင် မြေစာများ ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ဖားကန့်မြို့နယ် ၊ ဆန်ခါကျေးရွာအနီးရှိ နိုင်ငံတော်နှင့်အကျိုးတူ ရတနာရွှေအိတ် ကုမ္ပဏီ လုပ်ကွက်၌ ဘက်ဟိုးယာဉ် မောင်းနှင်သူသည် လုပ်ငန်းဆောင်ရွက်နေစဉ် အမြင့် ၁၀၀ ပေခန့်မှ မြေစာများပြိုကျမှုကြောင့် ယာဉ်နှင့်အတူ ပိမိခဲ့ရာ ဆေးရုံသို့ပို့ဆောင် ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ထိုဖြစ်စဉ်အား လုံးခင်းနယ်မြေ ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)