Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် အတွက် ၄၈၀ ဦးကို ခွင့်ပြုပေးထား

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို လက်ခံဆောင်ရွက်လျက် ရှိရာ လျှောက်ထားသူ ၅၈၂ ဦးရှိပြီး ၄၈၀ ကို ခွင့်ပြု ပေးခဲ့ကြောင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်အား ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား (၄)မျိုးခွဲခြား သတ်မှတ်ကာ လျှောက်လွှာများကို လက်ခံ ဆောင်ရွက် ခဲ့သည်။နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်အား မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်း ဥပဒေများကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နေ့တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်မှစတင်ကာ လျှောက်လွှာများကို လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)