Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ်၌ ကျပ်သိန်းပေါင်း ၆ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ် အတွင်း ကျပ်သိန်းပေါင်း ၆ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများအား လူနေထိုင်ခြင်းမရှိသည့် တောင်ယာတဲအတွင်းမှ သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကုန်းကြမ်းမြို့နယ်၊ ရှောက်ကျုံရှမ်းကျေးရွာတစ်ဝိုက် ဖေဖော်ဝါရီလ ၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် လူနေထိုင်ခြင်းမရှိသည့် တောင်ယာတဲအတွင်းမှ ဘိန်းဖြူမှုန့် ၃၂.၅ ကီလိုဂရမ်၊ ICE ၁.၅ ကီလိုဂရမ် ၊ စိတ်ကြွဆေးပြားအမှုန့် ၁၁.၄ ဂရမ်၊ ဘိန်းကြမ်းမှုန့် ၁၄ ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဓာတုဆေးရည်/ပစ္စည်းများ၊ လက်အိတ်များ၊ ဓာတ်ငွေ့ကာ မျက်နှာ ဖုံးများ ၊ ဖန်ပေါင်းချောင်များ၊ ဓာတ်ခွဲခန်းသုံး ဖန်ပြွန်များ ၊ ဂတ်(စ်)အိုးများ၊ မော်တာများ အပါအဝင် စုစုပေါင်း ပစ္စည်း ၃၄ မျိုး ၊ တန်ဖိုး ၆၆၃,၇၂၅,၃၂၀ ကျပ်ခန့် အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ကုန်းကြမ်းမြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ)၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.