ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ မြို့များ၌ တရားမဝင်သစ်များအား ဖမ်းဆီးရာ တစ်ပတ်အတွင်း တန် ၁၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ကိုယနေ့နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၌ ဘိန်းဖြူ/ဘိန်းညိုမှုန့် ၃၆၉.၈၀၄ ကီလိုဂရမ် (၁ ကီလိုလျှင် ကျပ် ၁၅၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၇၂,၄၅၁ တန်ဖိုးရှိ)အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) မူဆယ် မြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟ်ုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) နယ်စပ်ဒုက္ခသည်စခန်း နှစ်ခုမှ ဌာနေတိုင်းရင်းသား ၁၁,၉၆၃ဦး ပြန်လည်ဝင်ရောက်ရန် စာရင်းရရှိထားကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ပူတာအို၌ ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အရင်းအမြစ်များကို ထပ်မံ စူးစမ်းရှာဖွေသွားရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်ခု One Belt One Road(OBOR) နှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်...
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) သံနှင့် သံမဏိ ကျိုချက်ရာတွင် အဓိကကုန်ကြမ်း အဖြစ် ထည့်သွင်းရသော သံတို သံစ၊ သံထည် ဟောင်း (scrap) များ ပြည်ပသို့ တင်ပို့ခြင်းအတွက် ကုန်သွယ်ခွန် ကောက်ခံ ရရှိမှု မရှိပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး...