Connect with us

Politics, Law & Military

မောင်တောမြို့နယ်တွင် ကျပ် သိန်း ၆၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၀၂၂၅၀ ပြား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများအားတွေ့ရစဉ်(မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့၌

ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကျပ် သိန်း ၆၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၀၂၂၅၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင် များမှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် နယ်မြေ(၅)၊ မင်္ဂလာကြီးချောင်းဝအနီး မသင်္ကာဖွယ် လောင်းလှေ တစ်စီးအား အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ လှော်ခတ်နေသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးရန်အချက်ပြခေါ်ယူသော်လည်း လာရောက်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံရေပိုင်နက် အတွင်း ကူးခတ်ထွက်ပြေးသွားကြောင်း၊ လှေအားပူးပေါင်းအဖွဲ့ဖြင့် သိမ်းဆည်းရမိစစ်ဆေးရာ WY/R စိတ်ကြွရူးသွပ်ဆေးပြား ၃၀၂၂၅၀ ပြား (၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၆၀၄၅ သိန်း)အား တွေ့ရှိသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.