Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNICEF အမှုဆောင်ညွှန်ကြားရေးမှူးတို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNICEF အမှုဆောင်ညွှန်ကြားရေးမှူးတို့ တွေ့ဆုံဆွေးနွေးစဉ်(MOFA)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် United Nations International Children’s Emergency Fund (UNICEF) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Henrietta H. Foreနှင့် ယနေ့တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံနှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ကိစ္စရပ်များအပြင် ကလေးသူငယ်များကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကျောင်းပြင်ပ အသက်မွေးဝမ်းကျောင်းပညာ လေ့လာသင်ယူရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

UNICEF နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ အကြား ပူးပေါင်းပြုလုပ်မည့် High Level Forum on “Realizing Myanmar’s Development Vision for Every Child” သို့ United Nations International Children’s Emergency Fund (UNICEF) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Henrietta H. Foreတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.