Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အတွင်းရှိ အသိုက်အဝန်းအားလုံးအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးဆွေးနွေး

အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့တွေ့ဆုံစဉ်(MOFA)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ငုယင် ကွတ်ဇွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၂၈ရက် မွန်းလွဲ ၃ နာရီခွဲတွင် တွေ့ဆုံပြီး ရခိုင်ပြည်နယ် အတွင်းရှိ အသိုက်အဝန်းအားလုံးအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အတွင်းရှိ အသိုက်အဝန်းအားလုံးအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ် တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ဗီယက်နမ်အစိုးရမှ ရခိုင်ပြည်နယ်တွင်း လူသာချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းသို့ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.