Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း၅၀၀၀တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီဘ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း၅၀၀၀တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ ရက်၊ ၂၂း၄၅နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁၇)မန္တလေး (မြောက်)မှ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဦးစီးဌာနမှဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေ စဉ် လားရှိုးမြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် —- ခရီးသည်တင်မော်တော်ယာဉ်လိုင်းမှ ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မိုင်းရှုးမြို့နယ်၊ ကျူလွယ် ကျေးရွာနေသူများဖြစ်ကြသည့် ခရီးသည် စိုင်းထွန်းဦး ၁၉ နှစ်၊ မနန်းလူစိန် ၂၃ နှစ်၊ မနန်းစံစိန် ၁၉ နှစ်၊ မနန်းဆိုင်ရွှေ ၂၁ နှစ်၊ စိုင်းဆွေဟန် ၃၀ နှစ်နှင့် စိုင်းဆွေဦး ၂၇ နှစ်တို့သယ်ဆောင်လာသည့် ပီနံအိတ် ၃ အိတ်အတွင်း လက်ဖက် ခြောက်များနှင့် ရောနှောဖုံးအုပ်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၅၀၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အားအုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.