ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ခြမ်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်စဉ် အကြမ်းဖက်သမားများ ၃၈ ဦး ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် ၄၇ ဘီလီယံကျော် ထပ်တိုးသုံးစွဲရန် တင်ပြမှုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က စက်တင်ဘာ ၅ ရက်တွင် အတည်ပြုခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာရှိ လူငယ်ဇရပ်အနီး၌ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသော လက်လုပ်တိုက် မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက်(၄၅)နှစ်အရွယ် ပလောင် လူမျိုး ဦးအိုက်ရီ၏ ယာဘက် လက်ချောင်း၊...
နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး နယ်မြေ တည်ငြိမ် အေးချမ်းရေး အပါအဝင် အစိုးရအဖွဲ့က ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ယနေ့နေ့လယ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ရှင်းလင်း ပြောကြားခဲ့ သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှုမရှိခဲ့ကြောင်း အများပြည်သူ ထင်မြင်လွဲမှားမှု မရှိစေရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ပြည်သူများအကြား စိုးရိမ်ပူပန်မှုများမဖြစ်စေရန်နိုင်ငံတော်ရှိ ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေးအခြေအနေများကို အားလုံးဝိုင်းဝန်းပြီးညှိနှိုင်းဆောင်ရွက်နေကြကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ARSA အစွန်းရောက် အကြမ်းဖက်သမားများက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအပါအဝင် အခြားမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေသော သတင်းများအရ နိုင်ငံတစ်ဝန်း လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံရုံးက သတိပေးညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဒဏ်ရာရရှိထားသော ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် တစ်ဖက်နိုင်ငံရှိ စစ်တကောင်း ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသတွင် နေထိုင်သူများသည် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ၍ နယ်စပ် ဧရိယာ အပါအဝင် လုံခြုံရာ နေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိရာ စက်တင်ဘာ ၄ ရက် အထိ နေရပ် စွန့်ခွာ တိမ်းရှောင် ရသူ တိုင်းရင်းသား ၂၆၇၄၇...
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတ တေယစ် အာဒိုဂန် စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၂နာရီက ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။