Connect with us

Politics, Law & Military

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးအာမခံလျော်ကြေး ကျပ် ၆၉၂သန်း ရရှိ

မီးလောင်ကျွမ်းခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ မီးကြွင်းမီးကျန်များအား ငြိမ်းသတ်နေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် အောက်တိုဘာ ၁၉ ရက်နေ့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လောင်ကျွမ်းသွားသော အဓိက ဟိုတယ်အဆောက်အအုံနှင့် Club အဆောက်အအုံအတွက် မြန်မာအာမခံလုပ်ငန်းက မီးအာမခံလျော်ကြေး ကျပ် ၆၉၂ သန်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုတယ် မီးအာမခံထားရှိမှုသည် မြန်မာ့အာမခံလုပ်ငန်းတွင် ပေါ်လစီအမှတ် ဗဟန်း FM/337(7.2)ဖြင့် အဆောက်အအုံလေးလုံးအား အာမခံထားငွေကျပ် ၈၅၅သန်းဖြင့် လည်းကောင်း၊ ပေါ်လစီအမှတ် FM/338(7.2)ဖြင့် အဆောက်အအုံ ခြောက်လုံးအား အာမခံငွေကျပ် ၇၂သန်းဖြင့် လည်းကောင်း ထားရှိရာတွင် ပေါ်လစီအမှတ် FM/337(7.2)ဖြင့် ထားရှိသော အဆောက်အအုံလေးလုံးအနက် အဓိက ဟိုတယ်အဆောက်အအုံ နှင့် Club အဆောက်အအုံသာ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ထို့အဆောက်အအုံနှစ်ခုအတွက် မီးအာမခံလျော်ကြေး ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၃နာရီကျော်တွင် မီးလောင် စတင်လောင်ကျွမ်းခဲ့ကာ နိုင်ငံခြားသား ၂ဦးသေဆုံးပြီး မကာအိုမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မီးငြိမ်းသတ်စဉ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.