Connect with us

Politics, Law & Military

လက်ရှိ အခြေအနေနှင့် ကိုက်ညီသော မူဘောင် ချမှတ်ရန် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ပြော

UPDJC အတွင်းရေးမှူးများ၏ Framework, ToR, SOP အလုပ်အဖွဲ့  အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) တွင် ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်များ ကို ပြန်လည် သုံးသပ်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ကိုက်ညီမှု ရှိသည့် မူဘောင် ချမှတ်ရေး အတွက် ဆွေးနွေးကြရန် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းက ယနေ့ နံနက် ပြောကြားသည်။

“ဒီနေ့အစည်းအဝေဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်လုပ်ငန်းလမ်းညွှန် SOP တွေကို ရေးဆွဲချ မှတ်နိုင်ဖို့ အတွက် လုပ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မူဘောင်တစ်ခု ချမှတ်ဖို့ ဆွေးနွေးပေးကြပါလို့ အလေး အနက် မေတ္တာရပ်ခံပါတယ်” ဟု နေပြည်တော် NRPC တွင် ယနေ့ နံနက် စတင် ကျင်းပသည့် UPDJC အတွင်းရေးမှူးများ၏ Framework, ToR, SOP အလုပ်အဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးသို့ အစိုးရ အစုအဖွဲ ့၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နှင့် နိုင်ငံရေး ပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြပြီး အစိုးရ အစုအဖွဲ့ကိုယ်စား ဦးခင်ဇော်ဦးကလည်းကောင်း၊ နိုင်ငံရေး ပါတီ အစုအဖွဲ့ကိုယ်စား ကိုယ်စားလှယ် ခေါင်းဆောင် ဦးမြင့်စိုးကလည်းကောင်း အသီးသီး အဖွင့် အမှာ စကားများ ပြောကြားခဲ့ကြသည်။

အစိုးရ အစုအဖွဲ့ကိုယ်စား ဦးခင်ဇော်ဦးက အဖွင့် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ဖဒို စောကွယ်ထူးဝင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နိုင်ငံရေး ပါတီ အစုအဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင် ဦးမြင့်စိုး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နိုင်ငံရေး ပါတီ အစုအဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင် ဦးမြင့်စိုးက “ NCA မှာ အခန်း ၇ ခန်းနဲ့ ရေးဆွဲထားပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်မှာ အခန်း ကိုးခန်းနဲ့ ရေးဆွဲ ထားပါတယ်။ အဲ့ဒီထဲမှာ အဓိကကျတဲ့ အပိုင်းတွေမှာ တိတိကျကျ ဆုံးဖြတ်ချက် မချနိုင်သေးတာတွေ သွားတွေ့ ရပါတယ်၊ ကျနော်တို့ ဒီနေ့သွားတဲ့ လမ်းကြောင်းက နိုင်ငံရေး ဆွေးနွေးမှုလမ်းကြောင်းဖြစ်ပါတယ်၊ ဒီလမ်းကြောင်းအသစ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတယ် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ရှိတယ်။ နိုင်ငံရေးပါတီ အစုအဖွဲ့တွေရှိတယ်။ ဒါတွေက ပူးပေါင်းပြီး ဆွေးနွေးတဲ့ အနေ အထားတွေမှာ အငြင်းပွားစရာတွေ အများ ကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ UPDJC အစည်း အဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင်လည်း ဒါနဲ့ ပက်သက်ပြီးတော့ ပြန်လည်သုံးသပ်ဖို့ သဘောတူညီတာနဲ့အညီ ကျွန်တော်တို့အနေနဲ့လည်း ဒါကို ပြန်လည်သုံး သပ်ပြီးတော့မှ ပြင်ဆင်သင့် တာကိုဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

အစိုးရ အစုအဖွဲ့ကိုယ်စား ဦးခင်ဇော်ဦးကလည်း “အခု အချိန်အထိ ပြီးပြတ်တဲ့ framework မရရှိသေးပါဘူး” ဟု ပြောကြားခဲ့သည်။

နိုင်ငံရေး ဆွေးနွေးမှု မူဘောင် လုပ်ငန်း လမ်းညွှန်များ ဆွေးနွေးရာတွင် Structure, Decision Making Concept နှင့် National Dialogue တို့ကို ဆွေးနွေးကြမည်ဖြစ်ပြီး National Dialogue SOP နှင့် ToR …. စသည့် ခေါင်းစဉ်များကိုလည်း အစဉ်လိုက် ဆွေးနွေးသွားကြမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.