Connect with us

Politics, Law & Military

မောင်တောမြို့၌ ကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

မောင်တောမြို့၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံအားတွေ့ရစဉ်(ဓာတ်ပုံ- ခရိုင်ရဲတပ်ဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မောင်တောမြို့ မြို့မအရှေ့ရပ်ကွက် တင်ရီရွာရှိ ကွမ်းယာနှင့် ကုန်စုံအရောင်းဆိုင်ကို သတင်းအရ သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ခရီးဆောင်အိတ် ၂ လုံးအတွင်းမှ WYစာတန်းပါ စိတ်ကြွဆေးပြား နှစ်သိန်းကိုးသောင်း နှစ်ထောင့်ငါးရာကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆိုင်ရှင်အားဖမ်းဆီးစစ်ဆေးရာ မြို့မအရှေ့ရပ်ကွက်၊ တင်ရီရွာက ဂိုထောင်တစ်ခုထဲအတွင်းမှ ဆေးပြား ခြောက်သိန်းရှစ်သောင်း နှစ်ထောင့်ငါးရာကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ နေရာနှစ်နေရာတွင် ဖမ်းဆီးရမိသော ဆေးပြားအရေအတွက်သည် ကိုးသိန်းခုနစ်သောင်းငါးထောင်၊ ဒေသပေါက်ဈေး ကျပ်သိန်းပေါင်းတစ်သောင်းကိုးထောင်ငါးရာ (၁,၉၅၀,၀၀၀,၀၀၀) ရှိကြောင်း၊ တရားခံအား မောင်တောမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.