Connect with us

Politics, Law & Military

ရှမ်းနှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မှ ရှမ်းနှစ်သစ်ကူးပွဲတော်သို့ ပေးပို့သော သဝဏ်လွှာအားတွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ၏ ရှမ်းနှစ်သစ်ကူးပွဲတော်သို့ ပေးပို့သော သဝဏ်လွှာတွင် ရှမ်းပြည်နယ်ကြီးမှတစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး ခိုင်မာသာယာဝပြောအောင် ဆောင်ရွက်ရန် တိုက်တွန်းမျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ရှမ်းတိုင်းရင်းသားတို့၏ သမိုင်းအဆက်ဆက် ရှမ်းရိုးရာသီချင်းများ ၊ ကဗျာများသီကုံးရွတ်ဆိုခြင်းများ ၊ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ပြန်လည်ဖော်ထုတ် ဆင်နွှဲကြခြင်းနှင့်အတူ တောင်တန်းပြည်မစည်းလုံးညီညွှတ်ရေးကို မျိုးစေ့ချနိုင်သော ရှမ်းပြည်နယ်ကြီးမှတစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး ခိုင်မာသာယာဝပြောအောင် ဆောင်ရွက်ရန် တိုက်တွန်းမျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်ထောင်စုကြီး၏ သားသမီးများအားလုံး ခေတ်အဆက်ဆက် သံသယများ ၊ ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်သော ပတ်ဝန်ကျင်းကောင်းတစ်ခု ဖန်တီးကျန်ရစ်နိုင်ရန်၊ ငြိမ်းချမ်းအေးချမ်းပြီး စည်းလုံးညီညွှတ်သော ဖက်ဒရယ်ပြည်ထောင်စုကြီးကို ကောင်းမွေအဖြစ် ပေးအပ်နိုင်ခဲ့ရန် မြန်မာလွတ်လပ်ရေးသမိုင်းတွင် အထင်ကရှိလှသော ပင်လုံစိတ်ဓာတ်ကို အရင်းခံပြီး အောင်မြင်စွာလျှောက်လှမ်းကြရန် နှစ်သစ်ကူးဆုတောင်း မေတ္တာပို့သလိုက်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.