Connect with us

Politics, Law & Military

အာဆီယံအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးရေးအတွက် လက်မှတ်ရေးထိုး

(၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာဆီယံအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးမည့်

ASEAN Consensus on the Protection and Promotion of the Rights of Migrant Workers ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် မှ ၁၄ ရက် အထိ ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ နိုင်ငံတော်/အစိုးရအဖွဲ့ အကြီးအကဲများသည် အာဆီယံအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးမည့် ASEAN Consensus on the Protection and Promotion of the Rights of Migrant Workers ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များကို ကာကွယ်မြှင့်တင်ပေးသွားနိုင်ရန်အတွက် ASEAN Declaration on the Protection and Promotion of the Rights of Migrant Workers ကို ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ ဆီဘူးမြို့တွင် ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခုလက်မှတ်ရေးထိုးသည့် ASEAN Consensus on the Protection and Promotion of the Rights of Migrant Workers တွင် အခန်း(၈)ခန်းပါဝင်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏ မိသားစုဝင်များ၏ အခြေခံအခွင့်အရေးများ၊ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ သတ်မှတ်ထားသည့် အခွင့်အရေးများ၊ အလုပ်သမားစေလွှတ်သည့် နိုင်ငံ၏တာဝန်ဝတ္တရားများ၊ အလုပ်သမားလက်ခံသည့် နိုင်ငံ၏တာဝန်ဝတ္တရားများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လိုက်နာဆောင်ရွက်ရမည့် ကတိကဝတ်များ ပါဝင်ကြောင်း သိရသည်။

ယင်းအာဆီယံသဘောတူညီချက်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကာကွယ်မြှင့်တင် စောင့်ရှောက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့နှင့် အတူနေမိသားစုဝင်များ၏ အခြေခံအခွင့်အရေးများနှင့် ဂုဏ်သိက္ခာတို့ကိုလေးစားပြီး၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူစွမ်းအားအရင်းအမြစ်များ မြှင့်တင်ရေးနှင့် ကျွမ်းကျင်မှု တိုးတက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.