Connect with us

Politics, Law & Military

အေဆမ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ

အေဆမ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနား စတင်ကျင်းပစဉ်(ဓာတ်ပုံ-MOFA)

နေပြည်တော် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အေဆမ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စတင် ကျင်းပခဲ့ပြီး အေဆမ် မိတ်ဖက် နိုင်ငံများမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

အေဆမ်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မြန်မာအဆင့်မြင့်အရာရှိကြီး ဖြစ်သည့် သံအမတ်ကြီး ဦးကျော်ဇေယျက အဖွင့် အမှာစကား ပြောကြားခဲ့သည်။

အေဆမ်အဆင့်မြင့်အရာရှိကြီးများ အမှတ်တရဓါတ်ပုံ ရိုက်ကူးစဉ်(ဓာတ်ပုံ-MOFA)

အေဆမ်မိတ်ဖက်နိုင်ငံများ၏ ဒေသအလိုက် အစည်းအဝေးများဖြစ်သည့် ASEAN, NESA, European Sub-group အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် လည်းကောင်း ၊ အေဆမ်အဖွဲ့ဝင် နိုင်ငံများဖြင့် ASEM Pathfinder Group on Connectivity အစည်းအဝေးကို နေ့လည်ပိုင်းတွင် လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.