ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသဖြင့် ထိရောက်စွာဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊...
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) မော်တော်ယာဉ်များအနေဖြင့် လက်ယာဘက် အချက်ပြမီးစနစ်အမှန်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေး၊ အမြန်လမ်းများအားလုံးတွင် ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ထိုသို့ မကျင့်သုံးသည့်မော်တော်ယာဉ်များအား စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် Gavi-The Vaccine Alliance အဖွဲ့အစည်း၏ ဒုတိယအမှုဆောင်အရာရှိချုပ် Mrs. Anuradha Guptaတို့တွေ့ဆုံပြီး ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ မူးယစ် ဆေးပြား တစ်သိန်းနှင့် ICE ပုံဆောင်ခဲများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ နေအိမ်များအား ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် အိမ်၂၃၀၅ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဖြစ်စဉ်များ ယခုထက် ပိုမို ပြင်းထန်လာပါက အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ယူ၍ လိုအပ်သလို ညှိနှိုင်း လုပ်ဆောင် သွားရမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်...
ရန်ကုန် ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝိုင်းမှ ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ် သာယာဝပြောရေး အတွက် ကြိုးပမ်းအားထုတ်နေမှုများကို ထိခိုက်ပျက်စီးစေရန်အကြမ်းဖက်သမားများက အကွက်ကျကျဖြင့် စီစဉ်ဆောင်ရွက်နေသည်မှာ ထင်ရှားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ယနေ့ သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံ ရန်ကုန် နှင့် နေပြည်တော် မြို့များသို့ နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက် အထိ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် International Commission on Financing Global Education Opportunity မှ ကော်မရှင်နာ Dr. Ju-Ho Leeတို့တွေ့ဆုံပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...