ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဗဟိုတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ကို သြဂုတ်လ ၂၂ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLDထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈ဦးအား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၂၁ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများကို လေယာဉ်အမြီးပိုင်း ရှာဖွေတွေ့ရှိခဲ့သည့် နေရာတစ်ဝိုက်၌ သြဂုတ်လ ၂၁ရက်က ထပ်မံတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်ရှိ သံလွင်မြစ်ကူး တံတား(တာဆန်း)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း ၂၄.၅ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇ သိန်း)၊ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၀၀)တို့ အား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တိုင်းပြည် မငြိမ်းချမ်း၍ ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် မလုပ်ဆောင်နိုင်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီနှင့် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ကို ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်အရ ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း NLDကထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုပြန်ကြားရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးဉာဏ်ဝင်းနှင့် အဖွဲ့ဝင် ၁၁ဦးပါဝင်ပြီး ၊ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်မေဝင်းမြင့်ကဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၁ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)
နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသများတွင် သီးနှံများ အစားထိုးခြင်း၊ အစားထိုး ဖွံ့ဖြိုးမှုများဖြစ်သည့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ခြင်းတို့အတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်နှစ်အတွင်း ကျပ် ၈၁ ဘီလျံကျော်ခန့် ကျခံ သုံးစွဲဆောင်ရွက်ပေးခဲ့သည်ဟု ပြည်ထဲ...
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) မြန်မာ- EUဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ASEAN Tourism Forum (အာဆီယံခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ) 2018 ကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) မြန်မာ-EU နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobiaတို့ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။