Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများ နှင့်တွေ့ဆုံ

နိုင်ငံတော်သမ္မတ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး ၀န်ထမ်းများ နှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် အောက်တိုဘာ ၂၇ ရက်နေ့၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ရောက်ရှိပြီး သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ စစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်၊ မြန်မာသံရုံးဝန်ထမ်းများ၊ စစ်သံရုံးဝန်ထမ်းများ မိသားစုဝင်များနှင့် တွေ့ဆုံကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သံအမတ်ကြီးက သံရုံးလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို နိုင်ငံတော် သမ္မတကြီးထံ ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင်များအား သံအမတ်ကြီး က နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုသည့် Okura Prestige Hotel မှ မော်တော်ယာဉ်များဖြင့် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ထိုင်းဘုရင့်လေတပ် Wing-6 သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့်အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်သို့ ပြန် လည်ရောက်ရှိလာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.