Connect with us

Politics, Law & Military

UEHRD ၏ လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်ရန် World Bank ၊ UNRC နှင့် ဥရောပကော်မရှင်တို့ လာရောက် တွေ့ဆုံ

UEHRD ၏ လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးနေစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

UEHRD ၏ လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်ရန်အတွက် World Bank ၊ UNRC နှင့် ဥရောပကော်မရှင်တို့ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား World Bank မှ Director for Myanmar,Cambodia and Lao PDR, Ms. Ellen Goldsteinကလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၊ Ms.RenataDessallien ကလည်းကောင်း၊ ဥရောပ ကော်မရှင်မှ သံအမတ်ကြီး H.E. Mr. Kristian Schmidt ကလည်းကောင်း အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံကြကြောင်း သိရသည်။

World Bank အဖွဲ့နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရှိန်မြှင့်ဆောင်ရွက်နေသော လူသားချင်း စာနာကူညီမှု လုပ်ငန်းများပြည်သူများ၏ အင်အားကိုအဓိကထားပြီး မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှု များဖြင့်ဆောင်ရွက်မည့် UEHRD ၏ လုပ်ငန်းများတွင် World Bank အနေဖြင့် ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများနှင့် အကြံပြုချက်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာ စီမံချက်အရဆောင်ရွက် နေသည့် သက်ကြီးထောက်ပံ့ရေးလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် ကလေးအသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးနေသည့် အစီအစဉ်များကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေးကြကြောင်း သိရသည်။

ဥရောပကော်မရှင်မှသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် တွေ့ဆုံပြီး UEHRD စီမံကိန်းများ အတွက် အလှူငွေနှင့်ထောက်ပံ့ရေး အစီအစဉ်များ၊ ပဋိပက္ခဒဏ်ခံပြည်သူ များအတွက် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ လူသားချင်းစာနာကူညီမှု တိုးမြှင့်ပေးနိုင်ရေးနှင့် ဒုက္ခသည်များပြန်လည် လက်ခံရေး၊ စနစ်တကျ ပြန်လည်နေရာချထားရေးနှင့် နောင်တွင် ပဋိပက္ခများထပ်မံမဖြစ်ပွားရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။(Xinhua)