Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေး ကားလမ်းဟောင်း လမ်းတိုးချဲ့ရာမှ ဗုံးသီးဟောင်းများ တွေ့ရှိ

images/mm/2017/10/27e1.jpg

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂ဝ၄/၄)နှင့် (၂ဝ၄/၅) ကြား၌ လမ်းတိုးချဲ့ရာတွင် ဗုံးသီးဟောင်းများ တွေ့ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

Oriental Highway Company မှ လမ်းချဲ့ခြင်းများ ဆောင်ရွက်စဉ် အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီ မိနစ်၂ဝ တွင် ဗုံးသီးဟောင်းများ တွေ့ရှိကြောင်း အကြောင်းကြားချက် အရ

နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တပ်မတော်သား များက သွားရောက်စစ်ဆေးရာ အလျား ၁၆ လက်မ၊ လုံးပတ် ၁၂ လက်မရှိ စစ်ကျန် ၃ လက်မစိန်ပြောင်း ခွင်းဗုံးဟောင်း သုံးလုံး၊ အမြောက်ဆန် ထိပ်ဖူးဟောင်း တစ်လုံးနှင့် ၇ ဒသမ ၆၂ မမ ကျည်ဆန်ဟောင်း တစ်တောင့်တို့ကို တွေ့ရှိသိမ်းဆည်း ရမိကြောင်း သိရသည်။အဆိုပါ သိမ်းဆည်းရမိ ဗုံးသီးဟောင်းများအား နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း၌ စနစ်တကျ ထိန်းသိမ်းထားရှိ၍ လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.