ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ (CLMV နိုင်ငံများ)နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းနိုင်ငံသို့ လာရောက် ဆေးကုသမှုခံယူသူများအား ပြည်ဝင်ခွင့်ဗီဇာ မလိုအပ်ဘဲ ရက်ပေါင်း(၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်းတံတားထိပ်တွင် သတင်းအရ စောင့်ဆိုင်းရှာဖွေရာ ကျောက်စိမ်းအရွယ်စုံကျောက်တုံး ၁၆၃၃ တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းတို့ ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရေး မဟာဗျူဟာ ရည်မှန်းချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်တွင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန ဟူသည့် ဦးစီးဌာန...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှုသည် ယခုနှစ် ခုနှစ်လတာအတွင်း ၂၀ရာခိုင်နှုန်း တိုးတက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၅-၈-၂၀၁၇ ရက်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ်၏ ခြောက်လက်မ အချင်းရှိ မော်တာတစ်ခုကို ထပ်မံ ရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) ပုဂ္ဂလိကပိုင် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကပိုင် ဘဏ်များမှ ဥက္ကဋ္ဌများနှင့် ယနေ့သြဂုတ် ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သြဂုတ်လ ၁၄ရက်နေ့ ညပိုင်း၌ ကျပ် သိန်း ၉၀၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ESCAP တို့အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်၊ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) ၏ အမှုဆောင်အတွင်းရေးမှူး Ms. Shamshad Akhtarတို့ တွေ့ဆုံဆွေးနွေးကြကြောင်း...
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) ၏ လက်ကျန်လုပ်ငန်းများအား အမြန်ဆုံး လက်စသတ် အကောင်အထည်ဖော်ရန် အထူးလိုအပ်နေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။