Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ပြည်ထဲရေးဝန်ကြီး တို့တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး တို့တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး နှင့်အဖွဲ့အား ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် အိမ်နီးချင်းနှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိသည့် နယ်စပ်ဒေသလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ချစ်ကြည်ရင်းနှီးစွာနှင့် အတူတကွ ဖြေရှင်းသွားနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာဘက်မှ ရောက်ရှိနေသူများအား ပြန်လည်စိစစ်လက်ခံရေးနှင့်ပတ်သက်၍ နှစ်ဖက်ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး H.E. Mr. Asaduzzaman နှင့်အဖွဲ့အား ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.