Connect with us

Politics, Law & Military

မောင်တောနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ နယ်စပ်ဆက်ဆံရေးရုံးများ ၂၀၁၇ခုနှစ်အတွင်း ဖွင့်မည်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မောင်တောနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ နယ်စပ်ဆက်ဆံရေးရုံးများ ၂၀၁၇ခုနှစ်အတွင်း ဖွင့်ရန် ဆွေးနွေးပြီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား BLO ဆိုသည့် နှစ်နိုင်ငံ ဆက်ဆံရေးရုံးများထားရှိပြီး အပြန်အလှန်ချစ်ကြည် ရင်းနှီစွာ ဆောင်ရွက်သွားမည့်အချက်များကို သဘော တူညီမှု ရရှိခဲ့ပြီး ယင်းအချက်များကိုလည်း နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာရှိပြီး လက်ရှိ အလေးထားဆွေးနွေးရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက် တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ရေး၊ နယ်စပ်ဆက်ဆံရေးရုံး လို့ခေါ်သော BLO ရုံးများ ဖွင့်လှစ်နိုင်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု တားဆီးရေးတွင် ပူးပေါင်းပါဝင်ကြရေး၊ နိုင်ငံသားစိစစ် လက်ခံရေး မှာ ပူးပေါင်းဆောင်ရွက်ကြရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ကြရေးစသည့် အချက် ငါးချက်ကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အဓိကဆွေးနွေးမှုသည် နယ်စပ် တည်ငြိမ်အေးချမ်းရေးသည် ပူးပေါင်းဆောင်ရွက်ကြရန်၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးတွင် အပြန်အလှန်ကူညီကြရန်နှင့် နယ်စပ် ဆက်ဆံရေး ရုံးဖွင့်လှစ်ရန် မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် စသည်တို့ ဆွေးနွေးကြကြောင်း သိရသည်။

“နှစ်နိုင်ငံကြားမှာရှိတဲ့ နယ်စပ်ဆက်ဆံရေးရုံး (BLO) ဖွင့်မယ့်ကိစ္စ၊ နှစ်နိုင်ငံကြားမှာ သတင်းအချက်အလက် ဖလှယ်မှုကိစ္စ တိုးမြှင့်ဖို့နဲ့ အပြန်အလှန် နားလည်မှုမြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်”

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.