Connect with us

Politics, Law & Military

ဘူးသီးတောင်-မောင်တောဒေသ၌ နယ်မြေတည်ငြိမ်အေးချမ်းလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထွက်ခွာ

ဘူးသီးတောင်-မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထွက်ခွာစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ နယ်မြေတည်ငြိမ်အေးချမ်းလာသဖြင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စတင် ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ်အသင့်စုဖွဲ့ထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများက ဩဂုတ် ၂၅ ရက်တွင် တပ်ဌာနချုပ်တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့သဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဩဂုတ် ၂၅ ရက်မှပင် ဥပဒေနှင့် အညီ နယ်မြေရှင်းလင်းရေးအား ဆောင်ရွက်ခဲ့သဖြင့် စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း ထိတွေ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းများ လျော့နည်း လာခဲ့ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့မှာ အထိုက် အလျောက် ရရှိလာပြီဖြစ်၍ ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့များအနက် တပ်မတော်စစ် ကြောင်းအချို့ကို လက်ရှိ ဘူးသီးတောင်-မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.