Connect with us

Politics, Law & Military

မရမ်းကုန်းမြို့နယ်၌ ကျပ်၁၀,၀၀၀ တန်၊ ကျပ် ၅၀၀၀ တန် နှင့် ကျပ် ၁၀၀၀ တန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ငွေစက္ကူများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မရမ်းကုန်းမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု(၉၈)ရွက်၊ ၅,၀၀၀ ကျပ်တန်ငွေ စက္ကူအတု(၁၈၂) ရွက်၊ ၁,၀၀၀ ကျပ်တန်ငွေစက္ကူအတု(၁၂၉)ရွက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ ၁၁၂၀ အချိန် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်ရှိ KBZ ဘဏ်ခွဲသို့ စိုးမိုးနိုင်(၂၈)နှစ် မွတ်ဆလင်/အစ္စလာမ် ဂျပန်စက်ဘီးမျိုးစုံနှင့် လျှပ်စစ်မော်တာဘီးရောင်းဝယ်ရေး (ဘ)ဦးဖေသန်း ကန်တော်လေး တောင်ရပ်ကွက် မင်္ဂလာတောင်ညွှန့်မြို့နယ်နေသူ လာရောက်အပ်နှံသည့်ငွေကျပ် ၃၅ သိန်းအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၉၈)ရွက်၊ ၅,၀၀၀ ကျပ်တန်ငွေ စက္ကူအတု (၁၈၂)ရွက်၊ ၁,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၁၂၉)ရွက် တို့အားတွေ့ရှိသဖြင့် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ သွားရောက်သိမ်းဆည်းခဲ့ပြီး ၂၀း၁၅ အချိန် တွင် စိုးမိုးနိုင်အား ဖမ်းမိကာ မရမ်းကုန်းမြို့မရဲစခန်းမှ (ပ)၉၃၀/၂၀၁၇ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့မှ ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူအမျိုးအစားဖြစ်ပြီး စက္ကူသား ချောနေခြင်း၊ အတုသည်အစစ်ထက် အလျားနှင့် အနံ(၁)မီလီမီတာစီတိုခြင်း၊ အက္ခရာ/ ဂဏန်းများ အရောင်မှေးမှိန်ခြင်း၊ ရုပ်ပုံ/တန်ဖိုးရေစာ ပုံရိပ်သဏ္ဍာန်သာပါရှိခြင်း၊ လုံခြုံရေး ကြိုးခရမ်း/ငွေမှင်ရောင်သာပါရှိပြီး အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားပြီး လျှို့ဝှက်ချက်များ မပါရှိကြောင်းနှင့် ငွေစက္ကူအတုများ ဝင်ရောက်ရာ လမ်းကြောင်း အား စိစစ်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.