Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အရေးကိစ္စ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ရေးဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးတို့တွေ့ဆုံစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်ကိစ္စတို့နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Nicola Lok-Dessallienတို့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ထမ်းဆောင်ခြင်းပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Nicola Lok-Dessallien အား ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ နံနက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.